Hot Posts

6/recent/ticker-posts

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှမ္မတွင်းရွာက နေအိမ်တစ်လုံး ထိခိုက်ပျက်စီး

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှမ္မတွင်းရွာက နေအိမ်တစ်လုံး ထိခိုက်ပျက်စီး

By- နော်အယ်နီး
Date- November 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၁၄ရက်နေ့ ညက ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ကျောက်ရပ်ရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဒရုန်းပျံနေတာလည်းတွေ့တယ်။ စစ်ကားတွေလည်း သရက်ချောင်းဘက် ဆင်းသွားတာ။ ဘာဖြစ်မှန်းတော့မသိဘူး။ ပြီးတာနဲ့ လက်နက်ကြီးတွေနဲ့ စပစ်တာဘဲ့” လို့သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ်တွေပစ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံးကတော့ ရှမ္မတွင်းရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်တစ်ဆောင်ကျည်ထိမှန်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။
“ အိမ်မှာတော့ ဘယ်သူမှ မနေဘူးဆိုတော့ လူထိခိုက်တာတော့မရှိဘူး။ ရှမ္မတွင်းထဲကိုတော့ နှစ်လုံးဘဲလာကျတယ်။ ကျန်တဲ့အလုံးတွေက ဘယ်မှာ သွားကွဲလဲတော့မသိဘူး” လို့သူက ပြောပြပါတယ်။
နိုဝင်ဘာလ ၁၅ရက်နေ့၊ ညကလည်း သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ဟာ တော်လှန်ရေးတပ်တွေရဲ့ အလစ်ပစ်ခတ် တိုက်ခိုက်တာကို အမြဲခံရလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ နိုဝင်ဘာလကတည်းက ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်မှာ ဘန်ကာတွေကို ထပ်တိုးဆောက်ထားပြီး အစစ်ဆေးတွေလည်း တင်းကြပ်ထားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ပုံ - ပေါက်တိုင်းတံတား





Post a Comment

0 Comments